‘နေရာအသီးသီးမှ ကျောင်းသားများ မိမိတို့ စိတ်တိုင်းကျ ကျောင်းရွေးချယ်ခွင့် ရှိကြပါစေ၊ ကျောင်းများ အားလုံး စစ်ဘေးဒဏ်ကကင်းလွတ်နိုင်ကြပါစေ’ လို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ရဲ့ခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်ချုပ် ဂွန်မော်က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ တဆင့် ဇွန်လ ၅ ရက်နေ့က ဆုတောင်းစကားပါးထားတာ တွေ့ရပါတယ်။
ဒီလို ဆုတောင်း စကားပါးရတာကတော့ မြန်မာနိုင်ငံက ကျောင်းနေအရွယ် ကလေးငယ်တွေဟာ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးတွေထဲကအခြေခံ အကျဆုံးထဲမှာ ပါဝင်တဲ့ လွတ်လပ်စွာ ပညာသင်ကြားခွင့်တွေ ဆုံးရှုံးနေကြရလို့ပါ။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံက ကလေးငယ်တွေဟာလွတ်လပ်စွာ ပညာသင်ယူခွင့်၊ လွတ်လပ်စွာကြီးပြင်းခွင့်ဆိုတဲ့ကလေးသူငယ်ဆိုင်ရာ အခြေခံ အခွင့်အရေးတွေတောင် မရရှိကြဘဲ အခွင့်အရေးချိုးဖောက်ခံရမှုကို အဆိုးရွားဆုံး ရင်ဆိုင်ကြုံတွေ့နေကြရတာဖြစ်ပါတယ်။
မြန်မာနိုင်ငံက ကျောင်းနေအရွယ် ကလေး ၈သန်းနီးပါးဟာ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးတွေ ပေါ်ပေါ်ထင်ထင် ချိူးဖောက်ခံနေရပြီး ပိုမိုဆိုးရွားလာတဲ့ နိုင်ငံရေး ပဋိပက္ခတွေနဲ့ မလုံခြုံမှုဒဏ်ကို အပြင်းထန်ဆုံး ခံစားနေကြရကာ အကူအညီတွေ လိုအပ်နေတယ်လို့ ဥရောပ သမဂ္ဂ (EU) က ထုတ်ပြန်ထားပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR