မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (CTUM) က အလုပ်သမားကိုယ်စားလှယ် ဒေါ်ဖြိုးစန္ဒာစိုးကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ချုပ်(ILO) က အုပ်ချုပ်ရေး အဖွဲ့ဝင် အဖြစ် အနေနဲ့ ဇွန်လ ၁၀ ရက်နေ့မှာ ရွေးချယ်လိုက်ပါတယ်။
ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ၁၁၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံ (112th International Labor Conference-ILC) ကို ဇွန်လ ၃ ရက်နေ့ကနေ ဇွန်လ ၁၄ ရက်နေ့ထိ ကျင်းပခဲ့တာဖြစ်ပြီး၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ချုပ် (ILO) ရဲ့ အုပ်ချုပ်ရေးအဖွဲ့ (Governing Body) (၂၀၂၄-၂၀၂၇) ခုနှစ် သက်တမ်းအတွက် Worker Deputy Member အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တင်သွင်းတဲ့ အလုပ်သမား ကိုယ်စားလှယ် ဒေါ်ဖြိုးစန္ဒာစိုး ရွေးချယ်ခံခဲ့ရတာပါ။
အနည်းဆုံး လုပ်ခလစာ သတ်မှတ်ချက်တွေကို ပြင်ဆင်ဆောင်ရွက်ဖို့၊ ချိုးဖောက်ခံနေရတဲ့ အလုပ်သမားအခွင့်အရေးတွေ ပြန်လည်ရရှိဖို့နဲ့ အလုပ်သမားတွေအတွက် လုံခြုံစိတ်ချရတဲ့ လုပ်ငန်းခွင်ရရှိရေးတွေ အပါအဝင် လက်ရှိမှာ စစ်တပ်က ချိုးဖောက်နေတဲ့ အလုပ်သမားအခွင့်အရေးတွေနဲ့ပတ်သက်ပြီး ILO အနေနဲ့ စစ်ကောင်စီကို ဒဏ်ခတ်အရေးယူနိုင်ဖို့ ကြိုးစားဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ILO ရဲ့ အုပ်ချုပ်ရေး အဖွဲ့ဝင် ဖြစ်လာပြီးတဲ့နောက် ဆက်လက် ဆောင်ရွက်မယ့် လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ဒေါ်ဖြိုးစန္ဒာစိုးကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR