ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေဝန်းကျင်က ကျေးရွာတွေမှာ အာဏာသိမ်း စစ်ကောင်စီတပ်တွေရဲ့ ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှုတွေ ရှိနေပါတယ်။ ဒီအခြေအနေအပေါ် စိုးရိမ်နေကြတဲ့ ဒေသခံပြည်သူတွေဟာ လူသားဒိုင်းသဖွယ် အသုံးချခံရနိုင်တဲ့ အခြေအနေတွေနဲ့လည်း ရင်ဆိုင်နေကြရပါတယ်။
စစ်ကောင်စီတပ်ဟာ စစ်တွေဝန်းကျင်က ကျေးရွာတွေကို အတင်းအဓမ္မရွှေ့ပြောင်းခိုင်းပြီး ကတုတ်ကျင်းတွေ တူးနေတာ၊ ကျေးရွာတချို့ကို စီးနင်းပြီး အာရက္ခတပ်တော် (AA) နဲ့ ဆက်နွယ်နေတယ်လို့ ယူဆရသူတွေကို ဖမ်းဆီးတာ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်နေတာတွေ ရှိနေပါတယ်။
ဒါ့အပြင် ကုန်းလမ်း၊ ရေလမ်းတွေနဲ့ ထိစပ်နေတဲ့ စစ်တွေဝန်းကျင်က ကျေးရွာပေါင်း ၁၂ ရွာက ဒေသခံတွေကို စစ်တွေမြို့ထဲပြောင်းရွှေ့နေထိုင်ဖို့ အမိန့်ပေးခိုင်းစေနေတာဟာ လူသားဒိုင်းအဖြစ် အသုံးပြုဖို့ လုပ်ဆောင်နေတာလို့ AA နဲ့ မြေပြင်စောင့်ကြည့်လေ့လာသူတွေက သုံးသပ်နေကြပါတယ်။
မြို့တော်စစ်တွေက အေအေရဲ့ စစ်ရေးအဆုံးအဖြတ်ပေးမယ့် မြို့တွေထဲပါတယ်လို့ တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ထုတ်ဖော်ပြောကြားထားပါတယ်။
စစ်တွေမြို့တခုလုံးကိုရဖို့ဆိုရင် အေအေတပ်တွေက ပြည်သူတွေ လူသားဒိုင်းကားအဖြစ်ရှိနေတဲ့ မြို့တော်စစ်တွေစစ်မျက်နှာပြင်နဲ့ ပြည်သူတွေကိုပြောင်းရွှေ့ပြီးခုခံစစ်ပြင်ထားတဲ့ စစ်မျက်နှာပြင်တွေကိုရင်ဆိုင်သွားကြရမှာဖြစ်ပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR