ဇွန်လ ၁၉ ရက်နေ့ဟာ ဆိုရင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂို
လက်နက်အားကိုးနဲ့ မတရားအာဏာသိမ်းထားတဲ့ စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို မတရားပုဒ်မတပ် ဖမ်းဆီး တရားစွဲဆိုထားပြီး ဘယ်နေရာမှာ ဖမ်းဆီးချုပ်နှောင်ထားတယ် ဆိုတာကိုတောင် လူထုကို အသိပေး ထားတာ မရှိခဲ့ပါဘူး။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အခုဆိုရင် ဖမ်းဆီးခံထားရတာ ၃ နှစ် ကျော်ရှိပြီဖြစ်ပြီး အကျဉ်းထောင်ထဲမှာ ဖြတ်သန်းရတဲ့ ၄ နှစ်မြောက် မွေးနေ့လည်း ဖြစ်ပါတယ်။
အသက်အရွယ် ကြီးမြင့်လာပြီဖြစ်တဲ့ နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လူထုရှေ့ ပြန်လည်ရောက်ရှိဖို့ဆိုရင် လက်ရှိ စစ်ကောင်စီကို ဖြုတ်ချနေတဲ့ တော်လှန်ရေး အောင်မြင်မှ ဖြစ်လာတော့မှာလို့ သုံးသပ်ချက်တွေ ရှိနေပါတယ်။