မြန်မာ့ငြိမ်းချမ်းရေးဟာ တရုတ်ဝင်ရောက်ညှိနှိုင်းပေးမှ ငြိမ်းချမ်းရေးရမယ်လို့ မြန်မာပြည်သူလူထုက အယုံအကြည်မရှိကြပါဘူး။
ရှမ်းပြည်နယ် မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးဟာ တရုတ်နိုင်ငံက ကြားဝင်ပေးခဲ့တာကြောင့် စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့အကြား ဟိုင်ဂင် အပစ်ရပ်သဘောတူညီမှုကို ရခဲ့ကြပါတယ်။
လက်ရှိမှာတော့ အဲ့ဒီသဘောတူညီချက်ကို စစ်ကောင်စီက ချိုးဖောက်မှုရှိနေတယ်လို့ မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့မှာပါဝင်တဲ့ တအာင်း(ပလောင်)အမျိုးသားလွှတ်မြောက်ရေးတပ်မတော်က ထုတ်ပြန် ပြောဆိုထားပါတယ်။
အခုလို တရုတ်က မြန်မာ့နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေးတွေမှာ ပါဝင်နေတာဟာ သူရဲ့အကျိုးစီးပွားအတွက် သာဖြစ်ပြီး မြန်မာနိုင်ငံမှာ တရုတ်ရဲ့ အကျိုးစီးပွား များစွာရှိနေတယ်လို့ ဧရာဝတီသတင်းဌာန အယ်ဒီတာချုပ် ကိုအောင်ဇော်က ဆိုပါတယ်။
အပတ်စဉ် တင်ဆက်နေတဲ့ အယ်ဒီတာစကားဝိုင်းအစီအစဉ်က အယ်ဒီတာချုပ်ကိုအောင်ဇော်ရဲ့ ပြောကြားချက်တွေကို ကောက်နုတ်တင်ပြထားတာ ဖြစ်ပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR