သီတဂူ နွေရာသီ စံကျောင်းတော်လို့ အမည်ပေးထားတဲ့ အဲ့ဒီကျောင်းကို ပြင်ဦးမြို့နယ် ထုံးဘိုရွာ ဒီဇင်ဘာခြံအနီး အနီးက ဧက ၂ ဒဿမ ၁၉ ဧက ကျယ်ဝန်းတဲ့ မြေပေါ်မှာ ဆောက်လုပ်ထားတာပါ။
ခေတ်အဆက်ဆက် ထေကြီးဝါကြီး ရဟန်းတွေနဲ့ ထင်ရှား ကျော်ကြားတဲ့ ဘုန်းတော်ကြီးတွေဟာ သီတဂူဆရာတော်လို နွေရှောင်ဖို့ ပြင်ဦးလွင်မှာ သီးသန့်ကျောင်းဆောက် နေထိုင်ခြင်းမျိုး မရှိခဲ့ပါဘူး။
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ကိုသဒ္ဓါ၊ ပညာအားကောင်းတဲ့ မင်းလို့ ချီးမွမ်းတင်စားထား တဲ့ သီတဂူဆရာတော်ဟာ စစ်ခေါင်းဆောင်တွေရဲ့ ကိုးကွယ်ဆည်းကပ်မှုကို ခံယူတဲ့ မင်းဆရာ အဖြစ် လူသိများထင်ရှားသူဖြစ်ပါတယ်။
ဇိမ်ခံကားတွေ ထည်လဲစီးတတ်သူအဖြစ် ကျော်ကြားပြီး နောက်ဆုံးပေါ် နာမည်ကြီးအမှတ်တံဆိပ် ဘန်တလေ ဇိမ်ခံကားကို စီးတဲ့အတွက် လူငယ်တွေ ကြားမှာတော့ ဘန်တလေ ကိုယ်တော်လို့ ခေါ်ဝေါ်ကြပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR