အာဏာသိမ်း စစ်ကောင်စီဟာ ပြည်တွင်းမှာ အင်တာနက် ဆင်ဆာဖြတ်တောက်တာတွေနဲ့ ကြားဖြတ်စောင့်ကြည့် တာတွေကို တရုတ်ရဲ့ နည်းပညာ အကူအညီရယူကာ မေလကုန်ပိုင်းက စတင် လုပ်ဆောင်နေတယ်လို့ လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ အဖွဲ့တဖွဲ့ဖြစ်တဲ့ Justice For Myanmar (JFM) က ထုတ်ပြောထားပါတယ်။
အဆိုပါ တရုတ်နည်းပညာဟာ အင်တာနက် အသုံးပြုသူတွေရဲ့ အင်တာနက် ဝန်ဆောင်မှုကနေ တဆင့် အသေးစိတ် အချက်အလက်တွေကို ဖမ်းယူစောင့်ကြည့်ပြီး ခွဲခြမ်းစိတ်ဖြာသုံးသပ်နိုင်မှာ ဖြစ်သလို၊ ဖုန်းမက်ဆေ့ချ်နဲ့ အီးမေးအကြောင်းအရာတွေ အထိ ထောက်လှမ်းနိုင်တယ်လို့ ဆိုထားပါတယ်။
အင်တာနက်ဆင်ဆာနဲ့ စောင့်ကြည့်ထောက်လှမ်းရေး စနစ်တွေကို တရုတ်ကုမ္ပဏီတွေရဲ့ နည်းပညာအကူအညီတွေ ရယူ လုပ်ဆောင်ရာမှာ တည်နေရာ ခြေရာခံစနစ်အတွက် မြန်မာလက်နက်ပွဲစားကုမ္ပဏီဖြစ်တဲ့ Mascots Group လည်း ပါဝင်ပတ်သက်နေတယ်လို့ ဆိုပါတယ်။
Mascots Group ကို စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာဝင်းကျော် ဦးဆောင်ပြီး သူဟာ Burbrit Beer ကို ပူးတွဲ တည်ထောင်သူလည်း ဖြစ်တယ်လို့ JFM က ဆိုထားပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR