ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်၊ ဝေသာလီကျေးရွာမှာရှိတဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ရဲ့ ဂိုထောင် ဖောက်ထွင်း၊ ဖျက်ဆီးခံနေရတဲ့ ရုပ်သံဖိုင်မှတ်တမ်းကို အာရက္ခတပ်တော် (AA) က ဇွန်လ ၂၅ ရက်နေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
AA ရဲ့ ထုတ်ပြန်ချက်အရ ဒရုန်းနဲ့ ရိုက်ထားတဲ့ ရုပ်သံမှတ်တမ်းဟာ ဇွန်လ ၂၁ ရက်နေ့ ညနေ ၅ နာရီအချိန်လောက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဂိုဒေါင်ကို ဖောက်ထွင်းပြီး မီးရှို့ဖျက်ဆီးနေသူတွေဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီက စစ်သင်တန်းပေးထားတဲ့ မွတ်ဆလင်တပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် ဂိုဒေါင်ထဲကနေ ဘိလပ်မြေလို့ ယူဆရတဲ့ အထုပ်တွေကို သယ်ယူပြီး ခရိုင်ကျေးလက်ရုံးမှာ ခံစစ်ပြင်နေတာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဧရာဝတီ အနေနဲ့ သီးခြား အတည်ပြုချက် မရရှိသေးပါဘူး။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR