သေဆုံးသွားတဲ့ သူတွေထဲမှာ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၃ ဦး ဖြစ်ပြီး သူတို့ဟာ ထမင်းစားနေရင်း နေအိမ်ကို လက်နက်ကြီး ကျရောက်ပြီး သေဆုံးသွားတာလို့ သိရပါတယ်။
လားရှိုးမြို့၊ ရပ်ကွက်၁၊ နယ်မြေ ၂ တက္ကသိုလ်အနောက်ဘက်ခြမ်းက သာယာလမ်း ထဲက နေအိမ်တအိမ်ပေါ်ကို ဒီနေ့ ဇူလိုင် ၃ ရက်နေ့ မနက် ၈နာရီ ဝန်းကျင်မှာ လက်နက်ကြီးကျရာက်ပေါက်ကွဲခဲ့တာကြောင့် နေအိမ်အတွင်းရှိ မိသားစု ၆ ဦး သေဆုံးသွားခဲ့တာပါ။
လက်ရှိမှာ လားရှိုးမြို့ အဝင်အထွက်ကိုလည်း စစ်ကောင်စီတပ်က ဒီနေ့ မနက် ၈ နာရီကျော်မှာ ပိတ်ဆို့လိုက်ပြီး မြို့တွင်းကနေ ထွက်ခွာတိမ်းရှောင်မဲ့ ဒေသခံ အများအပြားပိတ်မိနေကြပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR