ကရင်နီပြည် လွိုင်ကော်မြို့ပေါ်က စစ်ကောင်စီရဲ့ အထိုင်ချတပ်စခန်းတွေကို ဇူလိုင် လ ၄ ရက်နေ့ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ကရင်နီတော်လှန်ရေးတပ်တွေက ဧရာဝတီကို အတည်ပြုပါတယ်။
လွိုင်ကော်မြို့ပေါ်က နမ့်ဘော်ဝမ်၊ မိုင်းလုံး၊ ဧက ၅၀၀ စတဲ့ ရပ်ကွက်တွေမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီရဲ့ ဝပ်ကင်းတွေကို ကရင်နီတပ်မတော် (KA) နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တို့ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက တိုက်ခိုက်နေတာလို့ သိရပါတယ်။
လွိုင်ကော်မြို့ပေါ်မှာ စစ်ကောင်စီရဲ့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ)၊ ခလရ ၅၄ အပါအဝင် ခြေလျင်တပ်ရင်း ၄ ရင်း၊ ခမရ ၅၃၀ နဲ့ အမြောက်တပ်တွေ အထိုင်ချထား ပါတယ်။
ပြီးခဲ့တဲ့ မတ်လထဲက စစ်ကောင်စီရဲ့ တပ်မ ၅၅ လက်အောက်ခံတပ်တွေဟာ ပအိုဝ်းပြည်သူ့စစ်နဲ့ ပူးပေါင်းပြီး ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်ကနေ အင်အားဖြည့် ဝင်ရောက်ခဲ့ပါသေးတယ်။
#KA #KNDF #လွိုင်ကော် #ကရင်နီ #ဒစက