ရှမ်းပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ လားရှိုးမြို့ဟာ မြို့ပေါ်ထိ စိမ့်ဝင်လာတဲ့ တိုက်ပွဲတွေကြောင့် တိတ်ဆိတ်ခြောက်ကပ်သွားပြီး ထိတ်လန့်ခြောက်ခြားဖွယ် အခြေအနေကို ရောက်ရှိနေပါတယ်။
လားရှိုးမြို့ပေါ်ရပ်ကွက်တွေထဲအထိ တိုက်ပွဲတွေ ပြင်းထန်လာပြီးတဲ့နောက် ဒေသခံအများစုက မြို့ကို စွန့်ခွာကြသလို လမ်းပိတ်ဆို့မှုတွေကြောင့် မြို့ထဲမှာလည်း ပိတ်မိနေကြတယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာတော့ မြို့ပေါ်မှာ ဆေးဝါးဆိုင်နဲ့ စျေးဆိုင်တွေအပါအဝင် လျှပ်စစ်ပစ္စည်းဆိုင်တွေပါ ပိတ်ထားကြသလို စျေးနှုန်းတွေလည်း မြင့်တက်လာတယ်လို့ လားရှိုးမြို့ ဒေသခံတဦးက ဧရာဝတီကို ပြောပါတယ်။
ဒေသခံတွေက လျှပ်စစ်မီးရရှိရေးအတွက် မီးစက်တွေကို အားထားလာရပြီး စက်သုံးဆီ ရရှိမှုကလည်း စိန်ခေါ်မှုတရပ်ဖြစ်နေတယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ မြို့ပေါ်က စက်သုံးဆီအရောင်းဆိုင် ၂၀ ကျော်က လုံးဝပိတ်ထားပြီး ဖွင့်ပေးထားတဲ့ ဆိုင်တွေမှာလည်း အကန့်အသတ်နဲ့ပဲ ရောင်းပေးနေတယ်လို့ သိရပါတယ်။
#လားရှိုး #ရှမ်းပြည်နယ်
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR