ရန်ကုန်မြို့မှာ ဝမ်းပျက် ဝမ်းလျော ရောဂါ ဖြစ်ပွားနေသူတွေရှိနေပြီး အဲဒီအထဲကမှ ကာလဝမ်းရောဂါ ပိုးတွေ့ရှိသူ ၅ ဦး တွေ့ရှိရတယ်လို့ စစ်ကောင်စီနဲ့ မြေပြင်မှာ ကယ်ဆယ်ရေး လုပ်ဆောင်နေကြတဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့ တွေက ပြောပါတယ်။
ရောဂါပိုး စတင်ကူးစက်ခံရတဲ့ သာကေတမြို့နယ်နဲ့ ဒေါပုံမြို့နယ်တွေမှာတော့ ရပ်ကွက်ထဲ ပိုးသပ်ဆေးဖြန်းတာတွေ၊ သောက်သုံး ရေကန်တွေကို ကလိုရင်း ခပ်ပေးတာတွေကို လူမှုကယ်ဆယ်ရေးအသင်းတွေက လိုက်လံဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။
သာကေတနဲ့ ဒေါပုံမြို့နယ်တွေရဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှာ ယာယီကျန်းမာရေး ဆေးပေးခန်းတွေ ဖွင့်လှစ်ထားပြီး ရာသီ ဝမ်းပျက် ဝမ်းလျော ရောဂါ လက္ခဏာတွေကို ကုသမှု ပြုလုပ်ပေးနေတယ်လို့ လူမှုကယ်ဆယ်ရေးအသင်းတွေက ဆိုပါတယ်။
လက်ရှိတော့ ကူးစက်ခံထားရတဲ့ ပိုးတွေ့လူနာ ၅ ဦးဟာ ရန်ကုန်ဆေးရုံကြီးနဲ့ ဝိတိုရိယဆေးရုံကြီးတွေမှာ ဆေးဝါးကုသမှု ဆက်လက်ခံယူနေဆဲဖြစ်တယ်လို့ သိရပါတယ်။
#ဧရာဝတီ #ကာလဝမ်းရောဂါ #ရန်ကုန် #ဒေါပုံ #ငွေအေးရပ်ကွက်
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR