တရုတ်-မြန်မာနယ်စပ်က စစ်ပွဲတွေအပါအဝင် နိုင်ငံတဝန်းမှာ စစ်ရှုံးနေတဲ့ အာဏာသိမ်းစစ်ကောင်စီကို တရုတ်က အကြီးစားလက်နက်တွေနဲ့ ခဲယမ်းတွေ ကူညီထောက်ပံ့ဖို့ ပြင်ဆင်နေတယ်လို့ နေပြည်တော်စစ်တပ်အသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
ဧရာဝတီရဲ့ သတင်းရင်းမြစ်တွေရဲ့ အဆိုအရ တရုတ်က ပို့လာမယ့် လက်နက်တွေထဲမှာ မြေပြင်နဲ့ ဝေဟင်သုံးလက်နက်တွေနဲ့ ခဲယမ်းတွေပါဝင်ပြီး ၂ ပတ်ကနေ တလအတွင်း လျှို့ဝှက်သယ်ဆောင် လာနိုင်တယ်လို့ ဆိုပါတယ်။
တရုတ်ဟာရုရှားနိုင်ငံနဲ့အတူ မြန်မာစစ်တပ်ကို လက်နက်ထောက်ပံ့နေတဲ့ အဓိကနိုင်ငံတွေထဲမှာ ဆက်လက်ပါဝင်နေပြီး တိုက်လေယာဥ်တွေနဲ့ အဆင့်မြင့် ဒရုန်းတွေ ရောင်းချပေးနေတာပါ။
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR