ရှမ်းပြည်နယ်မြောက်ပိုင်း နောက်ချိုမြို့ တောင်ဘက် ၂ မိုင်အကွာမှာရှိတဲ့ အမှတ် (၆၀၆) ဒုံးတပ်ရင်း ဌာနချုပ်ကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA) နဲ့ ပူးပေါင်းတပ်တွေက ဇူလိုင် ၁၀ ရက်နေ့မှာ သိမ်းပိုက်လိုက်ပြီး မြို့ကို အလုံးစုံ ထိန်းချုပ်လိုက်ပြီလို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာတော့ နောင်ချို့မြို့ပေါ်မှာ TNLAက အုပ်ချုပ်ရေးလုပ်ငန်းတွေ စတင်နေပြီး ည မထွက်ရ အမိန့်ထုတ်ပြန်ထားသလို မြို့တွင်း ဖောက်ထွင်းခိုးယူမှုနဲ့စစ်ကောင်စီ ကို သတင်းပေးမှု တို့ကြောင့် လူ ၆၀ ခန့်ကိုဖမ်းဆီးချုပ်နှောင်ထားတယ်လို့ သိရပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာ TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ကျောက်မဲ၊နောင်ချို၊ မိုးမိတ်နဲ့ မိုးကုတ်မြို့တို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့ရာမှာ နောင်ချိုမြို့ ဟာ ပထမဆုံး သိမ်းပိုက်ခံရတဲ့ မြို့ဖြစ်လာခဲ့ပါတယ်။
#နောင်ချို #TNLA #၁၀၂၇ #ဒုံးတပ်ရင်း #ရှမ်းပြည်နယ်မြောက်ပိုင်း
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR