ရှမ်းပြည်နယ်မြောက်ပိုင်းက တန့်ယန်းမြို့ကို “၀” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) တပ်တွေက ဇူလိုင် ၁၀ ရက်နေ့မှာ အင်အားအလုံးအရင်းနဲ့ ဝင်ရောက် ထိန်းချုပ်လိုက်ပါတယ်။
UWSA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းကတော့ ကျယ်ပြန့်လာနေတဲ့ ရှမ်းမြောက်က ပဋိပက္ခတွေ တန့်ယန်းဘက် ကူးမလာအောင်ကြိုတင်ကာကွယ်တဲ့အနေနဲ့ စိုးရိမ်နေကြတဲ့ ဒေသခံတွေရဲ့ တောင်းဆိုချက်ကြောင့် စစ်ကောင်စီနဲ့ ညှိနှိုင်းပြီး ဝင်ရောက်လာတာလို့ ဧရာ၀တီကို ပြောပါတယ်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တည်ရှိတဲ့ လားရှိုးမြို့ကို မြောက်ပိုင်း မဟာမိတ်က ဝိုင်းပတ်တိုက်ခိုက်နေချိန်မှာပဲ တိုက်ပွဲမရှိတဲ့ တန့်ယန်းမြို့ထဲကို မိုင်းဆတ်၊ မိုင်းတုံဘက် စစ်ဒေသ-၁၇၁ ဘက်က အင်အား ၁၅၀၀ ကျော်နဲ့ ပန်ဆန်း တပ်မဟာ ၃၁၈ က အင်အား ၅၀၀ ကျော် စုစု ပေါင်း အင်အား၂၀၀၀ ကျော်ရှိတဲ့ UWSA အဖွဲ့တွေဟာ ကားကြီး ကားငယ်တွေနဲ့ ဝင်ရောက်လာခဲ့တာပါ။
#ဧရာဝတီ #တန့်ယန်း #မြောက်ပိုင်းမဟာမိတ် #UWSA
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR