ပြည်တွင်းမှာရှိတဲ့ဘဏ်တွေက အပ်နှံထားတဲ့ငွေတွေကို ခုရက်ပိုင်း အကန့်အသတ်နဲ့သာထုတ်ပေးနေတော့တယ်လို့ ဘဏ်စနစ် အသုံးပြုသူတွေကဆိုပါတယ်။
အိမ်ရာချေးငွေတွေကို သတ်မှတ်ပမာဏထက် ကျော်လွန် ထုတ်ချေးခဲ့တဲ့အတွက် ပြည်တွင်းက ဘဏ် ၇ ခုကို အရေးယူမယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာနဲ့ ဘဏ်လုပ်ငန်းရှင်အချို့ ဖမ်းဆီးခံရတယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြီး နောက်မှာ အခုလိုမျိုးအကန့်အသတ်နဲ့ ထုတ်ပေးတာမျိုးတွေကို ပြည်သူတွေကြုံ တွေ့နေကြ ရတာဖြစ်ပါတယ်။
ဘဏ်တွေက ငွေတွေကို အကန့်အသတ်နဲ့ထုတ်ပေးနေတာကြောင့် ငွေတွေထုတ်ယူတဲ့ အချိန်မှာ ရာခိုင်နှုန်းတွေပေးပြီး ထုတ်နေရတယ်လို့ ဘဏ်အသုံးပြုတွေနဲ့ မိုဘိုင်း ငွေပေးချေမှု အသုံးပြုတွေက ပြောပြကြပါတယ်။
စစ်ကောင်စီထိန်းချုပ်ထားတဲ့ဗဟိုဘဏ်ကတော့ ပြည်တွင်းမှာရှိတဲ့ ဘဏ်တွေမှာ ငွေသားထုတ်ယူရတာခက်ခဲနေတဲ့ အတွက်ဒစ်ဂျစ်တယ်စနစ် အွန်လိုင်းငွေပေးချေမှုကို အသုံးပြုဖို့ တိုက်တွန်းထားပါတယ်။
#ဧရာဝတီ #ဘဏ် #KBZ #ရန်ကုန် #အိမ်ရာချေးငွေ
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR