ထိုင်း-မြန်မာ နယ်စပ် အဓိက ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာရှိနေတဲ့ မြဝတီမြို့ပေါ်မှာ တရားမဝင်လောင်းကစားရုံတွေ များပြားနေပြီး မြို့လုံခြုံရေးကိုပါ ခြိမ်းခြောက် နေတယ်လို့ မြို့ခံအချို့က ဧရာဝတီကို ပြောပါတယ်။
လောင်းကစားရုံတွေ ဖွင့်လှစ်ထားတယ်လို့ သတင်းထွက်ပေါ်နေတဲ့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) နဲ့ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA PC ) တို့က လောင်းကစားရုံတွေ ပိတ်ပစ်ဖို့ ဇူလိုင်လ ၁၀ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမယ့်လည်း အရေးယူတာ မတွေ့ရသေးသလို ဂိမ်းဆိုင်တွေကလည်း လက်ရှိအချိန်ထိ ကောင်းကောင်းမွန်မွန်လည်ပတ်နေတုန်းပဲလို့ ဒေသခံတွေဆီက သိရပါတယ်။
#ဧရာဝတီ #မြဝတီ #လောင်းကစား #DKBA #KNU #BGF
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR