ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) တို့ကြားက ပဋိပက္ခ ညှိနှိုင်းပြေလည်မှုရသွားပြီဖြစ်တယ်လို့ TNLA က ဧရာဝတီကို အတည်ပြုပါတယ်။
ပန်ဆန်းမြို့မှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲကို ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးရေးကော်မတီ (FPNCC) က ကြားဝင် ဖြေရှင်းပေးခဲ့တာဖြစ်ပြီး PSLF ရဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းကိုယ်တိုင် တက်ရောက်ပြီး SSPP ဘက်ကတော့ ဒုတိယဥက္ကဋ္ဌ စဝ်ခွန်ဆိုင် တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။
ဆွေးနွေးပွဲရလဒ်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေက တရားဝင် ကြေညာချက် ထုတ်ပြန်မှု တွေကို မတွေ့ရသေးပေမယ့် အစည်းအဝေးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တဦးကတော့ ဒီဆွေးနွေးပွဲ ကနေ ၂ ဖွဲ့ အကြား နားလည်မှု၊ တိုးတက်မှုတွေမြင်တွေ့ရတယ်လို့ ဧရာဝတီကို ပြောပါတယ်။
#TNLA #SSPP #ပဋိပက္ခ #ပန်ဆန်း #FPNCC
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR