အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) ပြုလုပ်သွားတဲ့ဝန်ထမ်းတွေကို အမည်မည်းစာရင်း (Black Lists) စာရင်းကနေ ပယ်ဖျက်ပေးမယ်ဆိုပြီး စစ်ကောင်စီက မက်လုံးပေး ဖိတ်ခေါ်နေပါတယ်။
အာဏာသိမ်းကာလအတွင်း နိုင်ငံအနှံ့က အစိုးရ ဝန်ထမ်း သုံးသိန်းကျော် CDM လှုပ်ရှားမှုမှာပါဝင်နေပြီး နိုင်ငံရဲ့ လူ့အရင်းအမြစ်တွေဆုံးရှုံးနေတယ်လို့ စစ်ကောင်စီကလည်း ဝန်ခံထားတာတွေ့ရပါတယ်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး CDM ပြုလုပ်နေကြသူတွေကတော့ စစ်ကောင်စီရဲ့ စည်းရုံးမှုကို လက်ခံမှာမဟုတ်ဘူးလို့ပြောကြပါတယ်။
ဒါ့အပြင် CDM လုပ်သူတွေဟာ အပြစ်ရှိသူတွေ မဟုတ်တဲ့ အတွက် စစ်ကောင်စီဘက်က စေတနာမှန်ရင် Black Lists တောင်သွင်းစရာ မလိုဘူးလို့ တုန့်ပြန်ပါတယ်။
#ဧရာဝတီ #CDM #blacklists #စစ်ကောင်စီ
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR