လူထုထောက်ခံမှုမရှိတဲ့ စစ်ကောင်စီအောက်က တပ်သားတွေဟာ စိတ်ဓါတ်ရေးရာမှာ တိုက်ခိုက်လိုစိတ်တွေ ပျောက်ဆုံးပြီး တိုက်ပွဲတွေမှာ လက်နက်ချအညံ့ခံမှုတွေ၊ စခန်းစွန့်ခွာ ထွက်ပြေးမှုတွေ နဲ့ နယ်စပ်ဖြတ်ကျော်ထွက်ပြေးမှုတွေ ပိုမိုများပြားလာပါတယ်။
တော်လှန်ရေးတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေက သိမ်းလိုက်တဲ့စခန်းတွေမှာ ခေတ်မီလက်နက် အမြောက်အမြားကိုတွေ့ရပြီး လူအင်အား၊ လက်နက်အင်အား သာလွန်နေတဲ့ စစ်ကောင်စီအနေနဲ့ ဒီလိုရှုံးနိမ့်နေတာဟာ တပ်သားတွေရဲ့ အပြင်းအထန်ခုခံ တိုက်ခိုက်လိုမှုရှိမနေတာကို သက်သေပြနေတာလို့ဆိုကြပါတယ်။
Standard Army (ခေတ်မီတပ်မတော်) လို့ကြွေးကြော်လေ့ရှိတဲ့ အာဏာသိမ်း စစ်တပ်ဟာ စစ်မျက်နှာ အသီးသီးမှာ ရှုံးနိမ့်မှုတွေ ကြုံတွေ့လာရချိန်မှာတော့ အဲ့ဒီ ရှုံးနိမ့်မှုကိုတရားခံရှာ အပြစ်ပေးလာတာကိုတွေ့ရပါတယ်။
#ဧရာဝတီ #StandardArmy #စစ်ကောင်စီ #တရားခံ #ခေတ်မီတပ်မတော်
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR