ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့သိမ်းတိုက်ပွဲတွေကနေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံ သုံးထောင်ကျော်ဟာ ချင်းလက်နက်ကိုင်အဖွဲ့တွေရဲ့ လမ်းကြောင်း ပိတ်ဆို့မှုတွေကြောင့် ရိက္ခာပြတ်လပ်မှုဒဏ်ကို ရင်ဆိုင်ခံစားနေကြရပါတယ်။
မတူပီမြို့ကို ချင်းတော်လှန်ရေးတပ်တွေက သိမ်းပိုက်နိုင်ခဲ့ပြီးတဲ့နောက် အခုလိုအခြေအနေတွေဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
စစ်ဘေးရှောင်တွေဟာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကနေ ကုန်ပစ္စည်းတွေကို တောလမ်းကနေသယ်ရပြီး ဒီလမ်းကြောင်းပေါ်မှာ သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့တွေက ဂိတ်ချ စစ်ဆေးမှုတွေကို လုပ်ဆောင်နေကြတာဖြစ်တယ်လို့ သိရပါတယ်။
#ဧရာဝတီ #CNF #ချင်းညီနောင် #မတူပီ #မီဇိုရမ်
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR