စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တဦးဖြစ်တဲ့အသက် ၁၆ နှစ်အရွယ် ကိုမြင့်မြတ်ဦးဟာ ဇူလိုင် ၈ ရက် ညကိုးနာရီခန့်မှာ လုပ်ကြံသတ်ဖြတ်ခံ လိုက်ရပါတယ်။
ကိုမြင့်မြတ်ဦး အသတ်ခံရတဲ့ ကိစ္စနဲ့ ပက်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ကျေးရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူတွေက သံသယရှိတယ်ဆိုတဲ့ အကြောင်းပြချက် နဲ့ စိုင်နိုင်ကြီးရွာ ဒေသခံ ၃ ဦး ထက် မနည်းကို ဇူလိုင် ၁၀ ရက်နေ့မှာ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ပါတယ်။
ဖမ်းဆီးခေါ်ဆောင်သွားတဲ့ သူတွေထဲကမှ အသက် ၄၁ နှစ်အရွယ် စိုင်နိုင်ကြီးရွာသား ကိုဇော်ဝင်းဟာ ဖမ်းဆီးခံရပြီး ၂ ရက်အကြာမှာ စစ်ဆေးမေးမြန်းရင်း သတ်ဖြတ်ခံလိုက် ရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
#ဧရာဝတီ #ပလဖ #ကိုမြင့်မြတ်ဦး #စစ်ကိုင်းတိုင်းဝက်လက်မြို့ #NUG
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR