မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နဲ့ ပူးပေါင်းတပ်တွေက ဇူလိုင်(၂၄)ရက်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီးစစ်ကောင်စီရဲ့ အတွဲလိုက်ပစ်ဒုံး လက်နက်ကြီးအပါအဝင်၊ လက်နက်မျိုးစုံကိုသိမ်းပိုက်ရရှိခဲ့ပါတယ်။
ပတ္တမြားထွက်ရှိရာ မိုးကုတ်မြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့တာကြောင့် စီးပွားရေးအရ အကျိုးအမြတ်ရရှိနိုင်တယ်လို့ စစ်ရေးလေ့လာသူတွေကဆိုပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ မိုးကုတ်မြို့ဟာ မန္တလေးတိုင်း အတွင်း ဒုတိယမြောက် အသိမ်းခံရတဲ့ မြို့ဖြစ်လာပြီး မန္တလေး PDFပူးပေါင်းတပ်တွေဟာ စဥ့်ကူးမြို့ကို ဇူလိုင်လ ၁၇ ရက်နေ့မှာ သိမ်းပိုက်ရရှိထားပါတယ်။
#ဧရာဝတီ #မိုးကုတ် #TNLA #ပူးပေါင်းတပ် #အတွဲလိုက်ပစ်ဒုံး