စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ကျီကုန်းကျေးရွာတံတားမှာ တပ်စွဲထားတဲ့ ဦးဝါသဝရဲ့ ပျူစောထီးတပ်တွေနဲ့ စစ်ကောင်စီ တပ်သားတွေကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေက ဇူလိုင် ၂၄ ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးလက်နက်တွေကိုပါ သိမ်းဆည်းရမိခဲ့ကြပါတယ်။
ကျီကုန်းကျေးရွာတံတား တိုက်ခိုက်မှုမှာ စစ်ကောင်စီနဲ့ ပျူစောထီး ၁၀ ဦးကျော် သေဆုံးပြီး ဇူလိုင်လ ၂၅ ရက်နေ့က စစ်ကြောင်းထိုးလာမှုကို မိုင်းဆွဲတိုက်ခိုက်ရာမှာလည်း ထပ်မံသေဆုံးတာတွေ ရှိတယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကိုတော့ ကန့်ဘလူခရိုင် NUG လက်အောက်ခံ ကာကွယ်ရေး အဖွဲ့ တွေနဲ့ ဒေသခံကာကွယ်ရေး အဖွဲ့တွေက ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်း ကန့်ဘလူဒေသဟာ ၅၀၅ ဆရာတော်လို့ လူသိများတဲ့ ဆရာတော် ဦးဝါသဝ ဦးဆောင်တဲ့ပျူစောထီး (ခေါ်) ပြည်သူ့စစ်တွေ အားကောင်းတဲ့ ဒေသတခု ဖြစ်ပါတယ်။
#PDF #ပြည်သူ့စစ် #ဦးဝါသဝ #စစ်ကိုင်းတိုင်း #ကန့်ဘလူ
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR