ကရင်ပြည်နယ် မြဝတီမြို့ကို ပြန်လည်ထိန်းချုပ်ဖို့အတွက် အထူးစစ်ကြောင်းအနေနဲ့ ချီတက်လာတဲ့ အောင်ဇေယျစစ်ကြောင်းဟာ ဇူလိုင် ၂၆ ရက်နေ့မှာ ဒေါနတောင်ကြောကနေ ပြန်လည်ဆုတ်ခွာသွားပြီလို့ မြေပြင်သတင်းအရင်းအမြစ်တွေက ဧရာဝတီကို အတည်ပြုပါတယ်။
ဧပြီလဆန်းပိုင်းတည်းကချီတက်ခဲ့ပြီး လေးလနီးပါးကြာမြင့်ခဲ့တဲ့ အောင်ဇေယျစစ်ကြောင်းက တော်လှန်ရေး ပူပေါင်းတပ်တွေရဲ့ ပစ်ကွင်းထဲ ရောက်နေခဲ့ပြီး ပြောက်ကျား စစ်ဆင်ရေး၊ ဒရုန်းစစ်ဆင်ရေးတွေ ကြုံတွေ့ခဲ့ ကြရတာပါ။
စစ်ကောင်စီက အောင်ဇေယျ စစ်ကြောင်းနဲ့အတူ လက်နက်ကြီးတွေ ဝေဟင်က ဗုံးကြဲ တိုက်ခိုက်မှုတွေ၊ တာဝေးပစ်လက်နက်ကြီးတွေ၊ သံချပ်ကာ ကားတွေ၊ ဒရုန်း တိုက်ခိုက်မှုတွေအပြင် ဓါတုဗုံးတွေအသုံးပြု တိုက်ခိုက် ခဲ့ပေမယ့် ဒေါနတောင်ကို မကျော်နိုင်ဘဲ ဆုတ်ခွာသွားခဲ့ရတာ ဖြစ်ပါတယ်။
မြဝတီမြို့ကို ချီတက်လာတဲ့ အောင်ဇေယျစစ်ကြောင်းက ဆုတ်ခွာသွားတဲ့ တပ်အင်အားတွေဟာ လက်ရှိမှာ ဘယ်နေရာကို သွားရောက်မယ်ဆိုတာ မသိရှိရသေးတဲ့ အခြေအနေ ဖြစ်ပါတယ်။
#ဧရာဝတီ #အောင်ဇေယျစစ်ကြောင်း #ဒေါနတောင် #ဆုတ်ခွါ
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR