ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီ ဘက်က အဆင့်မြင့်ရာထူးတွေ ထိခိုက်သေဆုံးမှု ရှိနေတယ်လို့ မြေပြင်စစ်ရေး သတင်း ရင်းမြစ်က ဧရာဝတီကို ပြောပါတယ်။
သတင်းအချက်အလက်တွေအရ ဇူလိုင်လ ၃၀ ရက်နေ့က စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) ထပ်မံတိုက်ခိုက်ခံရပြီး အမြောက်တပ်ရင်း အရာရှိ တဦးသေဆုံးပြီး တပ်မမှူး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ ဇူလိုင်လ ၂၇ ရက်နေ့ကလည်း ရမခ ကို အဓိက ကွပ်ကဲသူ ဒုတိယစစ်တိုင်းမှူး ဗိုလ်မှူးချုပ် တင်ထွန်းအောင်နဲ့ ရဲမှူးကြီး လှမင်း တို့ အထိုင်ချကွပ်ကဲနေတဲ့ အ.နေရာ တိုက်ခိုက်ခံရပြီး နှစ်ဦးလုံး သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာဖြစ်ပါတယ်။
စစ်ကောင်စီအနေနဲ့ကတော့ လားရှိုးမြို့မကျဖို့ စစ်တိုင်းမှူး အပြောင်းအလဲတွေလုပ်ထားသလို စစ်ကူတွေလည်း စေလွှတ်နေပြီး မြို့ပေါ်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ သိရပါတယ်။
#ဧရာဝတီ #လားရှိုး #ရမခ #ဒုစစ်တိုင်းမှူး #ရဲမှူးကြီး #တိုက်ပွဲ
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR