အာဏာသိမ်းခေါင်းဆောင် ပြန်လည်အသက်သွင်းမယ်ဆိုတဲ့ သမဝါယမ စနစ်ဟာ စစ်အာဏာရှင်စနစ် အောက်မှာ ကျရှုံးမှုသာ ဖြစ်နိုင်တယ်လို့ စီးပွားရေးပညာရှင်တွေနဲ့ နိုင်ငံရေးလေ့လာ သုံးသပ်သူတွေက ဧရာဝတီကို ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေအရ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာမှာ သမဝါယမစနစ်ဟာ အသင့်လျော်ဆုံးဖြစ်တယ်လို့၊ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇူလိုင် ၂၉ ရက်နေ့က နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ စစ်ကောင်စီ အစည်းအဝေးမှာ ပြောခဲ့တာပါ။
သမဝါယမ စနစ်ကျင့်သုံးနေတဲ့ နော်ဝေ၊ ဆွီဒင်၊ ဘယ်လ်ဂျီယံနဲ့ အစ္စရေး စတဲ့နိုင်ငံတွေကတော့ အောင်မြင်နေပေမယ့်၊ အာဏာရှင်စနစ်ကို ကျင့်သုံးတဲ့ တရုတ်၊ ရုရှားနဲ့ မြန်မာမှာတော့ ဒီစနစ်ဟာ အောင်မြင်မှု မရခဲ့ဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဆိုပါတယ််။
စစ်ခေါင်းဆောင် ကတော့ သူအုပ်ချုပ်နေတဲ့ ၃ နှစ်ကျော်ကာလအတွင်း မြန်မာပြည်စီးပွားရေးဟာ ဦးမော့လာတယ်လို့ အမြဲပြောကြားလေ့ရှိပေမယ့်၊ လက်တွေ့မှာတော့ ပြည်တွင်းကုန်စျေးနှုန်း အဆမတန် မြင့်တက်မှုတွေကြောင့် ဝင်ငွေနည်း ပြည်သူတွေဟာ အငတ်ဘေးနဲ့ ရင်ဆိုင်နေရပါတယ်။
#မြန်မာ #ဧရာဝတီ #သမဝါယမ #စီးပွားရေး #စစ်ကောင်စီ #ကုန်ဈေးနှုန်း
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR