ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ နိုင်ငံတော်ရဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး စတဲ့ အာဏာ ၃ ရပ်စလုံးကို ချုပ်ကိုင်ဖို့ကြိုးစားနေတဲ့ ဖြစ်စဉ် အပါအဝင် အရေးပေါ်ကာလ သက်တမ်းတိုးမှုတွေနဲ့ ပတ်သက်ပြီး ပြည်တွင်း၊ ပြည်ပရဲ့ ဝေဖန်မှုတွေ ကြုံနေရတဲ့ အပြင် တပ်တွင်းမှာပါ ထောက်ခံမှုကျဆင်းလာတဲ့ အခြေအနေရှိလာနေတယ်လို့ စစ်တပ် သတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်ခေါင်းဆောင်ဟာ နိုင်ငံတည်ငြိမ်မှုတွေ မရှိသေးဘူး၊ ရွေးကောက်ပွဲအတွက် ပြင်ရမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဇူလိုင်လ ၃၁ ရက်နေ့မှာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီကနေ အရေးပေါ် ကာလ သက်တမ်းကို ၆ ကြိမ်မြောက် ထပ်တိုးလိုက်တာ ဖြစ်ပါတယ်။
အရင် ကြေညာခဲ့တဲ့ သက်တမ်း ၅ ကြိမ်အတွင်းမှာလည်း တည်ငြိမ်ရေး ဘာမှ ဆောင်ရွက်နိုင်ခဲ့တာ မရှိဘဲ တပ်စခန်းတွေ ရာနဲ့ချီ အသိမ်းခံခဲ့ရသလို မြို့ပေါင်း ၇၀ ကျော် တော်လှန်ရေးတပ်တွေလက်အောက်ကျခဲ့ပါတယ်။
ဒီတခေါက် သက်တမ်း ၆ လအတွင်းမှာလည်း သူစိတ်ကြိုက် ပြင်ဆင်ထားတဲ့ လုပ်ငန်းစဉ် ဖြစ်မြောက်မယ်ဆိုရင် တောင် တိုင်းပြည်ကောင်းမွန်တဲ့ အရွေ့တခုကို သွားနိုင်မှာ မဟုတ်ဘူးလို့ နိုင်ငံရေး အကဲခတ်တွေက သုံးသပ်ထားပါတယ်။
#မြန်မာ #ဧရာဝတီ #သက်တမ်းတိုး #ယာယီသမ္မတ #ကာလုံ #ရွေးကောက်ပွဲ
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR