အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို လက်လွှတ်လိုက်ရတာဟာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ထိုင်ခုံကို လှုပ်ခတ်သွားစေတယ်လို့ စစ်ရေးအကဲခတ်တွေက ဧရာဝတီကို ပြောပါတယ်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့မှာ အခြေစိုက်တဲ့ ရမခ ကို မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) က ဇူလိုင်လ ၃ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့ပြီး တလအကြာမှာ အပြီးသတ်သိမ်းပိုက် လိုက်တာဖြစ်ပါတယ်။
ရမခ ဟာ စစ်တပ်လက်အောက်မှာရှိတဲ့ စစ်တိုင်း ၁၄ ခုအနက် တတိယမြောက် အကြီးဆုံး စစ်တိုင်းတခု ဖြစ်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်ထက်ပထမဆုံး သမိုင်းဝင် ကျရှုံးခဲ့တဲ့ စစ်တိုင်း ဌာနချုပ်ဖြစ်ပါတယ်။
မြို့တွေကို လက်လွှတ်ဆုံးရှုံးရတိုင်း စစ်ကောင်စီဟာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လေ့ရှိတာကြောင့် ဒေသခံ ပြည်သူတွေအနေနဲ့ သတိထားနေထိုင်ကြဖို့ကိုလည်းကာကွယ်ရေးတပ်တွေက သတိပေးပြောဆိုထားပါတယ်။
#မြန်မာ #ဧရာဝတီ #လားရှိုး #ရမခ #စစ်တိုင်းဌာနချုပ် #MNDAA #စစ်ခေါင်းဆောင်
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR