အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ယာယီသမ္မတရာထူးကို မယူခင် ရက်ပိုင်းအလို နေပြည်တော်မှာ ဇူလိုင် ၂၉ ရက်နေ့က ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီ အစည်းအဝေးမှာ သမဝါယမ စနစ်ကို ပြန်လည်အသက်သွင်းမယ်လို့ ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေအရ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာမှာ သမဝါယမစနစ်ဟာ အသင့်လျော်ဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီစနစ်ကို မြန်မာဆိုရှယ်လစ်လမ်းစဉ် ပါတီ (မဆလ) ခေတ် ဗိုလ်ချုပ်ကြီး နေဝင်း လက်ထက်မှာ ကျင့်သုံးခဲ့ပေမယ့် အောင်မြင်မှု မရှိခဲ့ပါဘူး။
ဒီစနစ်ဟာ ခေတ်နောက်ပြန်ဆွဲနေတဲ့ စနစ်တခု ဖြစ်တဲ့အပြင်၊ အာဏာရှင်က လက်ဝါးကြီးအုပ်ချုပ်တဲ့ ပုံစံကို အသုံးပြုမယ်ဆိုရင် တိုင်းပြည်က ဒီထပ်မက ပိုပြီး ဆင်းရဲမွဲတေသွားနိုင်မယ်လို့ စီးပွားရေး ပညာရှင် ဦးစိန်ဌေးက ပြောပါတယ်။
#မြန်မာ #ဧရာဝတီ #ဦးစိန်ဌေး #သမဝါယမ #မင်းအောင်လှိုင် #စီးပွားရေး
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR