နေပြည်တော်နဲ့ ရန်ကုန်မြို့မှာ ဇူလိုင် ၆ ရက်နေ့ ဒီနေ့မှာကျင်းပခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအသင်း (မဘသ) အဖွဲ့ဝင်တွေနဲ့ တပ်ထောက်ခံသူတွေဟာ မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ အပါအဝင် တိုင်းရင်းသားတော်လှန်ရေးတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်တွေဟာ အကြမ်းဖက်အဖွဲ့တွေအဖြစ် ပုံဖော်ခဲ့ကြတာဖြစ်ပါတယ်။
အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) နဲ့ လားရှိုးမြို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ်တပ်မတော် (MNDAA) ကို အကြမ်းဖက်အဖွဲ့အဖြစ် စွပ်စွဲဟောပြောခဲ့တဲ့ အပြင် ဒီတိုက်ခိုက်မှုတွေရဲ့ နောက်ကွယ်မှာ တရုတ်နိုင်ငံ ပါဝင် ပတ်သက်နေသယောင် ဟောပြောမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
ဒီဆန္ဒပြပွဲတွေဟာ မြန်မာနိုင်ငံမှာလက်နက်ကိုင် သက်ဆိုးရှည်ဖို့ ပြည်ပနိုင်ငံတွေက လက်နက်ကိုင်တွေနဲ့ အဖွဲ့အစည်းတွေကို ထောက်ပံ့ပေးနေတယ်လို့ အာဏာသိမ်းခေါင်းဆောင်ရဲ့ ဇူလိုင် ၅ ရက်နေ့မှာ ပြောဆိုခဲ့တဲ့ မိန့်ခွန်းအပြီး နောက်တရက် ဇူလိုင် ၆ ရက်နေ့မှာ ထွက်ပေါ်လာခဲ့တာဖြစ်ပြီး စစ်တပ်က လုံခြုံရေး ယူပေးခဲ့တာကို တွေ့ရပါတယ်။
#မြန်မာ #ဧရာဝတီ #ဝါဒဖြန့်ဆန္ဒပြ #အကြမ်းဖက် #ရမခ #လားရှိုး #MNDAA #တရုတ်
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR