အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်ရဲ့ လုံခြုံရေးဆိုင်ရာအခြေအနေတွေကို မိန့်ခွန်းပြောနေတဲ့အချိန်မှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲမြို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။
ကျောက်မဲမြို့မှာ နောက်ဆုံးကျန်နေတဲ့ စစ်ကောင်စီရဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁)၊ ခမရ ၅၀၁၊ ခမရ ၅၀၂ တို့ကို သြဂုတ်လ ၅ ရက်နေ့ ညပိုင်းမှာ TNLA နဲ့ ပူးပေါင်း တပ်တွေက တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး ဟောင်ဝစ်ဇာ လက်နက်၊ သံချပ်ကာကားတွေနဲ့ လက်နက်ခဲယမ်းတွေကို သိမ်းယူလိုက်တာဖြစ်ပါတယ်။
ကျောက်မဲမြို့ဟာ အာဏာသိမ်းကာလအတွင်း TNLA ရဲ့ ၁၁ မြို့မြောက် သိမ်းပိုက်လိုက်တဲ့ မြို့ဖြစ်သလို ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ သိမ်းပိုက်နိုင်တဲ့ ၄ မြို့မြောက် ဖြစ်ပါတယ်။