စစ်ကောင်စီရဲ့ စစ်တက္ကသိုလ် (DSA) ရှိနေတဲ့ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့က တပ်မိသားစုဝင်တွေနဲ့ ငွေကြေးတတ်နိုင်တဲ့ မြို့ခံတချို့ဟာ လုံခြုံရေးစိုးရိမ်တာကြောင့် မြို့ကို စွန့်ခွာနေကြပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်းက TNLA နဲ့ မဟာမိတ်တပ်တွေရဲ့ တကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးဟာ ပြင်ဦးလွင်နဲ့ အနီးဆုံး ဖြစ်တဲ့ ကျောက်မဲ၊ နောင်ချိုမြို့တွေကို သိမ်းပိုက်ထားပြီး ပြင်ဦးလွင်မြို့နဲ့ သိပ်မဝေးတော့တဲ့ ဘန့်ဘွေး ရွာအနီးထိ ရောက်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ ပြင်ဦးလွင်မြို့ပေါ်မှာ ပုံမှန်လည်ပတ်မှုတွေ ရှိနေသေးပေမယ့် လုံခြုံရေး စိုးရိမ်မှုကြောင့် စွန့်ခွာလာသူတွေရဲ့ ယာဉ်တန်းတွေဟာ မန္တလေးမြို့အဝင် ၁၆ မိုင် စစ်ဆေးရေးဂိတ်မှာ ရာနဲ့ချီ ပိတ်မိနေတာကို ဩဂုတ်လ ၈ ရက်နေ့ က တွေ့မြင်ရပါတယ်။
ပြင်ဦးလွင်မြို့ဟာ စစ်တက္ကသိုလ် (DSA) ၊ စစ်တပ်နည်းပညာတက္ကသိုလ် (DSTA)၊ တပ်မတော်အုပ်ချုပ်မှုကျောင်း၊ တပ်မတော်သိပ္ပံနဲ့ နည်းပညာသုတေသနဌာန၊ အမှတ် ၁ ကုတင် ၇၀၀ စစ်ဆေးရုံ၊ လေ့ကျင့်ရေးကျောင်းနဲ့ လက်ရုံးတပ်တွေ ရှိတဲ့ မြို့ဖြစ်ပါတယ်။
#ရန်ကုန် #ဧရာဝတီ #ပြင်ဦးလွင် #တပ်မိသားစု #စစ်တက္ကသိုလ် #၁၆မိုင်ဂိတ် #မြို့ကိုစွန့်ခွာ