ရှစ်လေးလုံးအရေးတော်ပုံ ၃၆ နှစ်ပြည့် အနေနဲ့ အဲ့ဒီကာလက ထုတ်ဝေခဲ့ကြတဲ့ သတင်းစာတွေကို “လူထုခြေရာ” ဆိုပြီး ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ပြပွဲ ပြုလုပ်ခဲ့ပါတယ်။
ဗမာ့ပြည်တွင်းစစ်ပြတိုက်နဲ့ ရတနာပုံတက္ကသိုလ် ကျောင်းသားသမဂ္ဂတို့ ပူးပေါင်းပြသခဲ့ကြတာဖြစ်ပြီး ဒီပြပွဲမှာ လူထုလှုပ်ရှားမှုတွေနဲ့ စစ်တပ်က ပြည်သူလူထုကို ဖိနှပ်ခဲ့မှုကို ဖော်ပြခဲ့ကြတဲ့ သတင်း စာမျက်နှာတွေကို ပြသထားတာဖြစ်ပါတယ်။
ရှစ်လေးလုံးလူထုအရေးတော်ပုံကာလအတွင်းက ကျောင်းသားတွေနဲ့ ပြည်သူတွေ ဦးစီးထုတ်ဝေ ခဲ့ကြတဲ့ သတင်းစာတွေမှာ နိုင်ငံရေးအမြင်တွေနဲ့ လူထုဆန္ဒကိုဖော်ပြထားတဲ့ စာမျက်နှာတွေလည်း ပါဝင်တာ တွေ့ရပါတယ်။
ဒီသတင်းစာတွေအရ စစ်တပ်ဟာ ၁၉၈၈ ခုနှစ်ကာလတည်းက ဝါဒဖြန့်ချိမှုတွေ လုပ်ခဲ့တာဖြစ်ပြီး လက်ရှိ ၂၀၂၁ ခုနှစ် အာဏာသိမ်းခဲ့တဲ့ နွေဦးတော်လှန်ရေးကာလမှာလည်း အလားတူ ဝါဒဖြန့်မှုတွေ အတိုင်း လုပ်နေတာလို့ ပွဲတက်ရောက်လာသူတွေက ဆိုပါတယ်။
#မြန်မာ #ဧရာဝတီ #ရှစ်လေးလုံး #လူထုခြေရာ #သတင်းစာ #ဝါဒဖြန့်