မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်းက စစ်ကောင်စီ တပ်စခန်း ၅ ခုကို ထပ်မံ သိမ်းပိုက်ရရှိခဲ့တယ်လို့ ပူးပေါင်းတိုက်ခိုက်နေတဲ့ တော်လှန်ရေး တပ်ပေါင်းစုတွေက ပြောပါတယ်။
သပိတ်ကျင်းမြို့နယ်အတွင်းက ကွင်း ၃၀ ရွာ တပ်စခန်း၊ လက်ပံပြန့်ရွာ တပ်စခန်း၊ ဖိုကုန်း တပ်စခန်း၊ ဝက်သေရွာ တပ်စခန်းနဲ့ ဖက်ရှည်ရွာ တပ်စခန်းတို့ကို ဩဂုတ် ၉ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်ရရှိခဲ့တာပါ။
ဒါ့အပြင် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ မိုးကုတ်ဗျူဟာ အပါအဝင် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်တွေက သပိတ်ကျင်းမြို့နယ်၊ ၁၄၈ ခြေလျင်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သလို လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းနိုင်ခဲ့ပါတယ်။
သပိတ်ကျင်းစစ်ဆင်ရေးမှာ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) နဲ့အတူ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ မြို့နယ် ပကဖ တွေနဲ့ မဟာမိတ် တော်လှန်ရေး တပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်နေကြတာပါ။
#မြန်မာ #ဧရာဝတီ #သပိတ်ကျင်း #TNLA #KIA #PDF
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR