မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်မှာ ပြည်သူလူထုကို ခြိမ်းခြောက်ပြီး နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ ပျူစောထီးအဖွဲ့ကို ဦးဆောင်နေသူဟာ ဒေါ်သီတာယုမွန်ဆိုတဲ့ အမျိုးသမီးဖြစ်ပါတယ်။
ဒေါ်သီတာယုမွန်ဟာ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို)က ပေးအပ်ထားတဲ့ မင်္ဂလဓမ္မမဏိဇောတဓရဘွဲ့ ရရှိထားသူ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်ဖြစ်ပြီး ပျူစောထီးခေါင်းဆောင်၊ သွေးသောက်အဖွဲ့ဝင် အဖြစ် ညှင်းပန်းနှိပ်စက်သတ်ဖြတ်တဲ့နေရာမှာ လက်မရွံ့တဲ့သူတဦးဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
မြင်းခြံမှာ ပျူစောထီးတပ်တွေရဲ့စစ်ဆင်ရေးတွေ၊ စစ်ကြောင်းတွေကို သူကိုယ်တိုင် ဦးဆောင်လေ့ရှိတယ်လို့ ဆိုပါတယ်။
သူ့ရဲ့ နေအိမ်ရှေ့မှာ သာသနာ့အလံလွှင့်ထူထားသလို၊ အဲဒီအိမ်ရဲ့ ခြံဝင်းထဲမှာတော့ မြင်းခြံပြည်သူ့စစ်ဌာနေအဖွဲ့ရဲ့ ရုံးခန်းလည်းရှိနေပါတယ်။
မြင်းခြံမြို့မှာ ဒေါ်သီတာယုမွန်ရဲ့ ပျူစောထီးတပ်တွေဟာ တန်ခိုးအထွားဆုံးဖြစ်ပြီး သူဟာ ဒေသခံတွေကြောက်ရွံ့ရတဲ့ အာဏာရှင်တဦး လို့ဆိုပါတယ်။
#မြန်မာ #ဧရာဝတီ #မြင်းခြံ #ပျူစောထီး #ဒေါ်သီတာယုမွန် #မြင်းခြံပြည်သူ့စစ်
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR