ဧရာဝတီမြစ်နဲ့ ကပ်လျက်ရှိနေတဲ့ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ထဲက ရှေးဟောင်းသမိုင်းဝင် တကောင်းမြို့ကို ဩဂုတ်လ ၁၂ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်လိုက်တယ်လို့ မြေပြင် တော်လှန်ရေး အဖွဲ့တွေကဆိုပါတယ်။
တကောင်းမြို့သိမ်းတိုက်ပွဲမှာ အမှတ် (၁) စစ်ဒေသ အထူးလှုပ်ရှားတပ်ရင်း (SR-3)၊ ၅၁၁ တပ်ရင်း၊ သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ တကောင်းတိုက်နယ်ပြည်သူ့ကာကွယ်ရေး တပ်ရင်း တွေ ပါဝင်တိုက်ခိုက်ခဲ့ကြပါတယ်။
ဧရာဝတီမြစ်ကမ်းဘေးမှာ ရှိတဲ့ တကောင်းမြို့ဟာ မြောက်ဘက်နဲ့ အနောက်ဘက်မှာ စစ်ကိုင်းတိုင်း ထဲက ကသာ၊ ထီးချိုင့်၊ ကောလင်းနဲ့ ရွှေကူဒေသ၊ တောင်ဘက်မှာ မန္တလေးတိုင်းထဲက သပိတ်ကျင်း၊ စဉ့်ကူး၊ မတ္တရာဒေသတွေနဲ့ ဆက်စပ်နေပြီး စစ်ရေးအရ အရေးပါတဲ့ နေရာတခုဖြစ်တယ်လို့ စစ်ရေး သုတေသီတွေကပြောပါတယ်။
#မြန်မာ #ဧရာဝတီ #တကောင်းမြို့ #သမိုင်းဝင် #သပိတ်ကျင်း #PDF
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR