စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲကျင်းပဖို့က အန္တိမ ရည်မှန်းချက်လို့ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောဆိုနေပေမယ့် လက်တလော တိုင်းပြည်အခြေအနေဟာ ရွေးကောက်ပွဲကို ကျင်းပ နိုင်ဖို့ခက်ခဲနေဆဲဖြစ်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအောက်က လုပ်မယ့်ရွေးကောက်ပွဲဟာ လက်ရှိ တော်လှန်ရေးမှာပါဝင်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ တောင်းဆိုနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်အတွက် ရေးဆွဲထားတာမျိုးမရှိတာကြောင့် လက်တွေ့ကျကျ စဉ်းစားဖို့ လိုအပ်နေတယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်တဲ့ ဦးမြအေးက ပြောပါတယ်။
ဒါ့အပြင် အနာဂတ် နိုင်ငံတည်ဆောက်ရေးမှာ လူထုခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဖယ်ထားလို့ မရသလို လူထုမဲနဲ့ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကိုလည်း ဖယ်ပြီး စဉ်းစားလို့ မရဘူးလို့ ဆိုပါတယ်။
လက်ရှိ တိုင်းပြည်အကြပ်အတည်းကာလမှာ စစ်ကောင်စီက ဖော်ဆောင်ဖို့ကြိုးစားနေတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ လိုချင်နေတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ဖော်ဆောင်နိုင်ရေး၊ နိုင်ငံရေးဆိုင်ရာ သဘောတူညီချက် တွေနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်တဲ့ ဦးမြအေးကို မေးမြန်းထားချက် အပေါ် ကောက်နုတ် တင်ပြထားတာဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #ရွေးကောက်ပွဲ #ဖက်ဒရယ် #ဦးမြအေး #နိုင်ငံရေးသဘောတူညီချက် #ဒေါ်အောင်ဆန်းစုကြည် #NLD