လူဦးရေ ၆ သန်းကျော်နေထိုင်ပြီး မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံး မြို့ဖြစ်တဲ့ မန္တလေးမြို့မှာ ပြီးခဲ့တဲ့ ဩဂုတ်လ အစပိုင်းကနေစပြီး စစ်ကောင်စီက လုံခြုံရေး တိုးမြှင့်မှုတွေ ပိုလုပ်ဆောင်လာတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) တည်ရှိရာ နန်းတွင်းကျုံးပတ်လည်မှာ သဲအိတ်တွေနဲ့ ဘန်ကာတည်ဆောက်တာတွေ၊ လုံခြုံရေးကင်မရာတွေ ပိုပြီး တပ်ဆင်တာတွေနဲ့ အတွင်းအပြင် လုံခြုံရေးစစ်သားတွေ တိုးမြှင့် လုပ်ဆောင်နေပြီး မြို့ပေါ်မှာ ပျူစောထီးအဖွဲ့တွေကိုပါ ကင်းချ ထားတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
လက်ရှိမှာဆိုရင်လည်း မန္တလေးမြို့ စည်ပင်ရုံးနဲ့ နန်းတွင်းထဲမှာ စစ်ကောင်စီက ပရိတ် တရားတွေကို လော်စပီကာနဲ့ ဖွင့်ထားတဲ့ အသံတွေကြားနေရတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
စစ်အာဏာသိမ်းထားတဲ့ သုံးနှစ်ခွဲ ကာလအတွင်း စစ်ကောင်စီတပ်တွေခြေကုပ်ယူထားနိုင်တဲ့ ဒေသလို့ သိကြတဲ့ မန္တလေးတိုင်းဟာ ၁၀၂၇ စစ်ဆင်ရေးတကျော့ပြန် တိုက်ပွဲတွေ ကြားမှာ မြို့အနီးထိ စစ်မီးကူးစက်လာခဲ့တာပါ။
#မြန်မာ #ဧရာဝတီ #မန္တလေးမြို့ #လုံခြုံရေး #လပခ #ဘန်ကာ #ပျူစောထီး #ပရိတ်တရားဖွင့် #စစ်မီး
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR