ရှမ်းပြည်နယ်မြောက်ပိုင်းက လားရှိုးမြို့ကို မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)က ထိန်းချုပ်ထားတာ တစ်ပတ်ကျော်ရှိပြီ ဖြစ်ပါတယ်။
သြဂုတ်လ ၁၄ ရက်နေ့မှာတော့ မြို့ပေါ်မှာ ဒေသခံတွေနဲ့ပြန်လည်စည်ကားလာပြီး အုပ်ချုပ်ရေး ယန္တယားတွေ စတင် လည်ပတ်နေပြီလို့ မြို့ခံတွေက ဧရာဝတီကို အတည်ပြုပြောဆိုပါတယ်။
လားရှိုးတိုက်ပွဲတွေအတွင်းမှာ MNDAA ဘက်က ဒေသခံအမျိုးသားတွေနဲ့ လူငယ်တွေကို စစ်သားစုဆောင်းတယ်ဆိုတဲ့ သတင်းတွေအပြင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်လာမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
#မြန်မာ #ဧရာဝတီ #လားရှိုး #MNDAA #ထိန်းချုပ် #အုပ်ချုပ်ရေးစတင် #ရှမ်းပြည်နယ်မြောက်ပိုင်း