ရခိုင်ပြည်နယ်တောင်ပိုင်း၊ သံတွဲခရိုင် ကျိန္တလီမြို့နယ်ကို အာရက္ခတပ်တော် ( AA )က ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်တွေဟာ မြို့ထဲကနေ ထွက်ပြေးသွားကြပြီလို့ သိရပါတယ်။
ဩဂုတ်လ ၁၂ ရက်နေ့က စတင်ကာ အေအေ တပ်တွေက အလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်တွေက မြို့အထွက် တောင်ကုန်းပေါ်မှာရှိတဲ့ ရဲစခန်း၊ အထွေထွေ အုပ်ချုပ်ရေးရုံးနဲ့ စည်ပင်ရုံးတွေကနေ ခုခံတိုက်ခိုက်ခဲ့ကြပေမယ့် သေဆုံးထိခိုက်မှုများခဲ့ပြီး ၁၄ ရက်နေ့မှာ မြို့တွင်းကနေ ဆုတ်ခွာထွက်ပြေးသွားကြတာလို့ ဆိုပါတယ်။
ကျိန္တလီမြို့မှာ စစ်ကောင်စီအထိုင်တပ်ရင်းတွေမရှိပဲ မိုင်းလေးဆယ်ကျော်အကွာအဝေးမှာရှိတဲ့ ဂွမြို့ မကျရေးအတွက် စစ်ကောင်စီတပ်တွေ အင်အားဖြည့်ထားတဲ့ ခံစစ်မြို့ဖြစ်တယ်လို့ မြေပြင်အခြေအနေသိရှိသူတွေကဆိုပါတယ်။
#မြန်မာ #ဧရာဝတီ #ကျိန္တလီမြို့ #ဂွမြို့ #စစ်ကောင်စီ #ဆုတ်ခွာ #AA