စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်၊ ဒီပဲယင်းမြို့ကို ဩဂုတ်လ ၁၈ ရက်နေ့ မနက်ပိုင်းက တော်လှန်ရေးတပ်တွေ သိမ်းပိုက်ရရှိခဲ့ပြီး၊ လက်ရှိအချိန်မှာ မြေပြင်နယ်မြေရှင်းလင်းရေးတွေကို လုပ်ဆောင်နေသလို ၊ ထွက်ပြေးသွားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကိုလည်း လိုက်လံဖမ်းဆီးတာတွေကို လုပ်ဆောင်နေ တယ်လို့ ဒေသကာကွယ်ရေးတပ်တွေနဲ့ ဒေသခံတွေက ဧရာဝတီကို အတည်ပြုပါတယ်။
ဒီပဲယင်းမြို့သိမ်းတိုက်ပွဲကို ဩဂုတ်လ ၁၅ ရက်နေ့ ညနေပိုင်းက စတင်ခဲ့တာဖြစ်ပြီး ၃ ရက်အကြာမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်း အောက်ပိုင်းကို အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) က စစ်ကြောင်းထိုးမယ်ဆိုရင် ဒီပဲယင်းကို ဖြတ်ပြီးမှ သွားရောက်နိုင်မှာဖြစ်တဲ့အတွက် မြို့ကိုသိမ်းပိုက်လိုက်တာဟာ စစ်ရေးအရ မြေပြင်လမ်းကြောင်းကို ဖြတ်တောက်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီပဲယင်းမြို့ကို တော်လှန်ရေးတပ်တွေက အလုံးစုံ သိမ်းပိုက်နိုင်ခဲ့ပေမယ့်၊ ဒီပဲယင်းမြို့နဲ့ ဆက်စပ်နေတဲ့ မြို့ခွဲတခုဖြစ်တဲ့ စိုင်ပြင်မြို့က စစ်ကောင်စီ အထိုင်တပ်တခုကို ဆက်လက်တိုက်ခိုက်ဖို့ ကျန်ရှိနေသေးတယ် လို့ ဒေသကာကွယ်ရေးတပ်တွေက ပြောပါတယ်။
#မြန်မာ #ဧရာဝတီ #ဒီပဲယင်း #မြို့သိမ်းတိုက်ပွဲ #နမခ #PDF #စစ်ကိုင်းတိုင်း
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR