စစ်ကောင်စီက လားရှိုးအကျဉ်းထောင်မှာ ဖမ်းဆီးထောင်ချထားတဲ့ ပြည်သူလွှတ်တော် ဒု-ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေနဲ့ အခြားအကျဉ်းသားတွေဟာ လားရှိုးမြို့သိမ်းတိုက်ပွဲအပြီးမှာ လွတ်မြောက်လာခဲ့ပါတယ်။
ညီနောင်မဟာမိတ် သုံးဖွဲ့နဲ့ ပူးပေါင်းတပ်တွေရဲ့ လားရှိုးမြို့သိမ်းတိုက်ပွဲမှာ လားရှိုးအကျဉ်းထောင်ကို လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် အကျဉ်းထောင် တာဝန်ရှိသူတွေ ထွက်ပြေးသွားခဲ့တာကြောင့် ထောင်တွင်း အကျဉ်းသားတွေက ထောင်ကိုဖောက်ပြီး ထွက်ပြေးခဲ့ကြရတယ်လို့ လွတ်မြောက်လာခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား တဦးဖြစ်တဲ့ အလင်းသခင်က ဆိုပါတယ်။
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA ) နဲ့ ပူးပေါင်းတပ်တွေ လားရှိုးထောင်ကိုဝင်ရောက် စီးနင်းနိုင်ခဲ့ပြီးနောက် အကျဉ်းထောင်အတွင်းရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ အခြားအကျဉ်းသားတွေ လွတ်မြောက် ခဲ့ပါတယ်။
တိုက်ပွဲအတွင်း လားရှိုးအကျဉ်းထောင်မှာ ဖြစ်ပွားခဲ့တဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး နိုင်ငံရေး အကျဉ်းသား အဖြစ် ကိုယ်တိုင်တွေ့ကြုံခဲ့ရတဲ့ အလင်းသခင်ကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါတယ်။
#မြန်မာ #ဧရာဝတီ #လားရှိုးထောင် #အကျဉ်းသား #ဦးထွန်းထွန်းဟိန် #အလင်းသခင် #MNDAA
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR