တရုတ်နိုင်ငံက မြင်ချင်တယ်ဆိုတဲ့ တည်ငြိမ်အေးချမ်းတဲ့ အခြေအနေတွေကို ကတိမတည်တဲ့ စစ်အာဏာရှင်တွေနဲ့ ဆွေးနွေးလို့ အဖြေရမှာ မဟုတ်ဘူးလို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးကျော်ဇော က ဧရာဝတီကို ပြောပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ ဟာ နေပြည်တော်ကို ဩဂုတ်လ ၁၄ ရက်နေ့က ရောက်ရှိလာခဲ့ပြီး အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့သလို မြန်မာဒုဝန်ကြီးချုပ်လည်းဖြစ် နိုင်ငံခြားရေး ဝန်ကြီးလည်း ဖြစ်တဲ့ ဦးသန်းဆွေ၊ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေတို့နဲ့ တွေ့ဆုံသွားပါတယ်။
ဒီခရီးစဉ်နဲ့ပတ်သက်ပြီး ဧရာဝတီရဲ့ မေးမြန်းချက်အပေါ် NUG သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးကျော်ဇော က ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #ဝမ်ယိ #တရုတ် #မင်းအောင်လှိုင် #NUG #ဦးကျော်ဇော
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR