“ပြည်သူ့စစ်မှုထမ်းဥပဒေ” ထုတ်ပြန်ပြီး စစ်မှုထမ်းခိုင်းဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီဟာ လူငယ်တွေကို အဓမ္မနည်းလမ်းတွေကိုပါ သုံးပြီး စစ်သားစုဆောင်းမှုတွေလုပ်ဆောင်နေတယ်လို့ စုဆောင်းခံရသူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။
စစ်မှုမထမ်းမနေရစနစ်နဲ့ မဲဖောက် ရွေးချယ်မယ်လို့ ဆိုပေမယ့် လက်တွေ့မှာတော့ မဲမပေါက်တဲ့ သူတွေကိုပါ အဓမ္မဖမ်းဆီးနေသလို ရက်ကွက်၊ ကျေးရွာ၊ စက်ရုံ၊ ရထားဘူတာရုံနဲ့ ကားဂိတ်တွေမှာလည်း ရှောင်တခင်ဖမ်းဆီးပြီး စစ်သင်တန်းပို့ဆောင်တာတွေ လုပ်နေတာ ဆက်တိုက်တွေ့လာရပါတယ်။
လတ်တလော စစ်ကောင်စီက ပစ်မှတ်ထားစုဆောင်းနေတဲ့နေရာတွေဟာ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်နဲ့ ဧရာဝတီတိုင်းတွေ ဖြစ်ပြီး နယ်ကျေးရွာတွေမှာဆိုရင် အိမ်တိုင်ရာရောက် အတင်းအဓမ္မ ဖမ်းဆီးမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #စစ်သားစုဆောင်း #အဓမ္မဖမ်းဆီး #စစ်မှုထမ်းဥပဒေ #စစ်ကောင်စီ #လူငယ်
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR