စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့ကို သိမ်းပိုက်နိုင်ဖို့ ကချင်လွတ်မြောက်ရေးတပ် မတော် (KIA) အပါအဝင် ပူးပေါင်းတပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး သြဂုတ်လ ၂၄ ရက်နေ့အထိ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ဧရာဝတီကို ပြောပါတယ်။
စစ်ကောင်စီတပ်တွေ အထိုင်ချတပ်စွဲနေတဲ့ မြသိန်းတောင် ဘုရားကုန်းအနီးမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
သြဂုတ်လ ၂၂ ရက်နေ့ ညနေပိုင်းမှာ ထီးချိုင့်မြို့ တဘက်ကမ်း မြတောင်ကျေးရွာက စစ်ကောင်စီရဲ့ အဓိကခံတပ်စခန်း ၃ ခုနဲ့ ထီးချိုင့်ရဲစခန်းကိုပါ သိမ်းပိုက်ထားပြီလို့ သိရပါတယ်။
ထီးချိုင့်မြို့ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အမှတ် (၁) စစ်ဒေသမှာပါဝင်ပြီး မြို့သိမ်းတိုက်ပွဲအတွင်း NUG လက်အောက်ခံတပ်ဖွဲ့တွေ ပါဝင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
#မြန်မာ #ဧရာဝတီ #ထီးချိုင့် #စစ်ကိုင်းတိုင်း #PDF