အဝေးပြေးကားဂိတ်တွေက ရခိုင်၊ ရှမ်း၊ ပလောင်နဲ့ ကိုးကန့်လူမျိုးတွေကို လက်မှတ်မရောင်းပေးတော့ဘူးလို့ ကြေညာထားပါတယ်။
၁၁ မျဉ်းစောင်းမှတ်ပုံတင်ကိုင်ဆောင်ထားတဲ့ ရခိုင်လူမျိုးတွေ၊ ၁၃ မျဉ်းစောင်းမှတ်ပုံတင်ကိုင်ဆောင်ထားတဲ့ရှမ်းပြည်နယ် ထဲက “ဝ” ၊ ကိုးကန့် နဲ့ ပလောင်လူမျိုးတွေကို အခုရက်ပိုင်း မှာ လက်မှတ်ရောင်းချမှုမရှိတော့တာလို့ ကားလက်မှတ်အရောင်းဌာနတွေ ဆီကနေသိရပါတယ်၊၊
စစ်ကောင်စီဟာ တော်လှန်ရေးတပ်တွေအားကောင်းတဲ့ ပဲခူး၊ စစ်ကိုင်းနဲ့ မကွေး မှတ်ပုံတင်နံပတ်တွေဖြစ်တဲ့ ၇မျဉ်းစောင်း၊၅မျဉ်းစောင်းနဲ့ ၈မျဉ်းစောင်း တွေကိုလည်း အရင်တတည်းက တင်းကြပ်နေတာဖြစ်ပြီး အခု ရှမ်းနဲ့ ရခိုင်ပြည်နယ် မှတ်ပုံတင်တွေကို ထပ်မံ တင်းကြပ်လိုက်တာပါ။
ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက သူတို့ လက်လွတ်လိုက်ရတဲ့ မြို့တွေကို လေကြောင်း တိုက်ခိုက်မှုတွေ မကြာခဏပြုလုပ်နေတာကြောင့် ဒေသခံတွေဟာ စစ်ဘေးရှောင်နေရချိန်မှာ အခုလိုကူးသန်းသွားလာ ခွင့်ပိတ်ပင်ခံ လိုက်ရတာဖြစ်ပါတယ်၊၊
#မြန်မာ #ဧရာဝတီ #ကားလက်မှတ် #ရှမ်း #ရခိုင် #ပလောင် #ကိုးကန့် #မှတ်ပုံတင်
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR