ပဲခူးတိုင်းအခြေစိုက်၊ အမှတ် ၆၆ ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ စစ်ကြောင်းကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြောက်ကျားတပ်တွေက ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်မှာ ဩဂုတ်လ ၂၄ ရက်နေ့က ကြားဖြတ် တိုက်ခိုက်ခဲ့ပါတယ်၊၊
တနာရီကျော်ကြာမြင့်ခဲ့တဲ့ ဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်က ဗိုလ်မှူး သန့်စင်အောင်၊ ဗိုလ်ကြီး ပြည့်ဖြိုးတို့ အပါဝင် စုစုပေါင်း၂၀ ဦးသေဆုံးခဲ့ပြီး စစ်သုံ့ပန်း ၆ ဦးနဲ့ လက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိထားတယ်လို့ ဧရာဝတီကို အတည်ပြုပါတယ်၊၊
ဒီစစ်ဆင်ရေးမှာ NUG ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းတိုင်း၊ စစ်ဒေသ(၂) လက်အောက်ရှိ သာယာဝတီခရိုင်တပ်ရင်းတွေဖြစ်တဲ့ တပ်ရင်း ၃၈၀၂၊ တပ်ရင်း ၃၈၀၃ တို့နဲ့ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ သာယာဝတီဂဋ္ဌုန်တပ်ဖွဲ့ တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်၊၊
#မြန်မာ #ဧရာဝတီ #တပ်မ၆၆ #NUG #လက်ပံတန်း #ပြောက်ကျား