စစ်အာဏာရှင်တော်လှန်ရေးပြီးရင် ရှေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ဆက်လက်ထိန်းထားနိုင်ဖို့ နိုင်ငံရေးဦးဆောင်မှုမှာ အမျိုးသမီးတွေ အနည်းဆုံး ၅၀ ရာခိုင်နှုန်း ပါဝင်ဖို့ လိုတယ်လို့ သုတေသနအချက်အလက်တွေကို ထောက်ပြပြီး ပါမောက္ခ ဒေါက်တာမီမီဝင်းဘတ်က ဆိုပါတယ်။
လက်ရှိအချိန် တော်လှန်ရေးမှာ ပါဝင်လာသူတွေရဲ့ ၆၅ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေဖြစ်ပေမယ့် မူဝါဒချမှတ်တဲ့နေရာ၊ ဆုံးဖြတ်ချက်ချမှတ်တဲ့နေရာနဲ့ ခေါင်းဆောင်ပိုင်းတွေမှာတော့ အမျိုးသမီး ပါဝင်မှုနှုန်းနည်းနေတာ ဖြစ်ပါတယ်။
အမျိုးသမီး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ဆိုင်ရာ ဆွေးနွေးဝိုင်းမှာ လုံခြုံရေးဆိုင်ရာ ပညာရှင် ပါမောက္ခ ဒေါက်တာ မီမီဝင်းဘတ်၊ ဟစ်ဟော့ အနုပညာရှင် မသဇင်ညွန့်အောင် နဲ့ ဧရာဝတီ အယ်ဒီတာ ငြိမ်းငြိမ်း တို့က ဆွေးနွေးထားပါတယ်။
#မြန်မာ #ဧရာဝတီ #ဒေါက်တာမီမီဝင်းဘတ် #women #peace #security #WPS #politicalleadership #Myanmar #revolution #သဇင်ညွန့်အောင်