အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ခံစစ်ပြင်နေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေတဲ့ မန္တလေးမြို့ကို ဩဂုတ်လ ၂၅ ရက်နေ့ ၂၆ ရက်နေ့တွေမှာသွားရောက်ခဲ့ပါတယ်။
မန္တလေးမြို့အနီးက စဉ့်ကူး၊ မိုးကုတ်၊ တကောင်း၊ သပိတ်ကျင်း မြို့နယ်တွေကို ဒေသကာကွယ်ရေး တပ်တွေ သိမ်းယူထားပြီး မြို့ပတ်ချာလည်မှာ တိုက်ပွဲတွေပြင်းထန်နေချိန်၊ အာဏာသိမ်းခေါင်းဆောင် ဟာ မြို့လုံခြုံရေး အဆင်ပြေသေးတယ်ဆိုတာကို ပြသဖို့အတွက်သွားရောက်တာလို့ ယူဆရကြောင်း စစ်ရေးအကဲခတ်လေ့လာသူက ဧရာဝတီကို ပြောပါတယ်။
မန္တလေးမြို့ရဲ့ နှစ်ရက်တာရဲ့ ခရီးစဉ်အတွင်း Non CDM ဝန်ထမ်းတွေ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် က အဆင့်မြင့်အရာရှိတွေနဲ့ တွေ့ဆုံခဲ့ပြီး၊ မန္တလေးမြို့အတွင်း ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နှင်း ရေးကို လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
လက်ရှိ မန္တလေးမြို့မှာ လုံခြုံရေးတင်းကြပ်နေပြီး နန်းတွင်းကျုံးပတ်လည်မှာ သဲအိတ်တွေနဲ့ ဘန်ကာ တည်ဆောက်တာတွေ၊ လုံခြုံရေးကင်မရာတွေ ပိုပြီး တပ်ဆင်တာတွေနဲ့ အတွင်းအပြင် လုံခြုံရေး စစ်သားတွေ တိုးမြှင့် လုပ်ဆောင်နေပြီး မြို့ပေါ်မှာ ပျူစောထီးအဖွဲ့တွေ ကိုပါ ကင်းချထားတယ်လို့ မြို့ခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
#မြန်မာ #ဧရာဝတီ #မန္တလေး #စစ်ခေါင်းဆောင် #အကြမ်းဖက်နှိမ်နင်းရေး #လုံခြုံရေး